ဂါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားလောင်းတော်သည် ဤဘဒ္ဒ
ကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေ
နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရှင်ရသေ့ဖြစ်
ခဲ့လေသည်။

၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား
ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်း
သာကိုရယူနိုင်သော်လည်း သြဃလေးဖြာသံသရာ၌
နစ်မွန်းမြောပါးကုန်သော ဝေနေယျသတ္တ၀ါအပေါင်း
တို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့
ပေ။

၃။ သုမေဓာရှင်ရသေ့ဘ၀မှ ဝေဿန္တရာမင်းဘ၀တိုင်
အောင် မရေမတွက်နိုင်သောဘ၀များစွာတို့၌
၁။ ရွှေ ငွေ ဆင် မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ။
၂။ ခြေ လက် နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း
ဒါနဥပပါရမီ။
၃။ ကိုယ့်အသက်ကိုလှူခြင်း ဒါနပရမတ္တပါရမီ အစရှိသော
ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော် မူခဲ့သည်။

၎။ ထို့ပြင် အလွန် စွန့်နိုင်ခဲစွာသော
၁။ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ
ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ။
၂။ သားသမီးကိုစွန့်ခြင်း ပုတ္တပရိစ္စာဂ။
၃။ မယားကိုစွန့်ခြင်း ဘရိယပရိစ္စာဂ။
၎။ ခြေ လက် နား နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို
စွန့်ခြင်း အင်္ဂပရိစာဂ။
၅။ ကိုယ့်အသက်ကိုစွန့်ခြင်း ဇီဝိတပရိစ္စာဂ ဟုဆိုအပ်သော
စွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘ၀များစွာ သံသရာကာလပတ်လုံး ပါရမီတော်
တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးသည့်နောက် ဘုရားအလောင်း
တော်သည် တုတိတာနတ်ပြည်၌ သေတကေသုမည်သော
နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြာဝဠာတိုက်
တစ်သောင်းမှ နတ် ဗြဟ္မာအပေါင်းတို့က ဘုရားဖြစ်ချိန်တန်
ပါပြီ လူပြည့်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါဟု ဘုရားအလောင်းတော်ကို
တောင်းပန်လေသည်။

၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်
၁။ ကာလ = ဘုရားဖြစ်ရာအချိန်ကာလ။
၂။ ဒီပ = ဘုရားဖြစ်ရာကျွန်းအရပ်။
၃။ ဒေသ = ဘုရားဖြစ်ရာအရပ်ဒေသ။
၎။ ကုလ = ဘုရားဖြစ်ရာ အမျိုးအနွယ်။
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်
မည့်သူ၏ အသက်အပိုင်းအခြား ဟူသော ကြည့်ခြင်းငါးပါးကိုကြည့်
ရှုတော်မူလေသည်။

၇။ ယင်းသို့ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ်
၆၇ ခု၊ ၀ါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်
သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေ၀ီမိဖုရားကြီး မယ်တော်မာယာဝမ်း
၌ ပဋိသန္ဓေတည်လေသည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လ
ပြည့်သောကြာနေ့ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏အကြား
ရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မီးရှုးသန့်စင် ဖွားမြင်တော်မူလေ
သည်။

၉။ ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ
ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထက်၍ မင်းစည်းစိမ်ကို
ခံစားလေသည်။

၁၀။ ၁၉နှစ်အရွယ် ရောက်သောအခါ သူအို သူနာ သူသေ ရဟန်း
ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍
ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းသည် အလွန်ပြုနိုင်ခဲစွာသော ဒုက္ကရစရိယ
အကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော
သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်
ရင်း၌ အလှူခံဘုန်းပေးပြီး မဟာဗောဓိပင်သို့ကြွတော်မူလေသည်။

၁၃။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းအပ်သော
မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင်လှူဒါန်းအပ်သော
မြက်ရှစ်ဆုတ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်
သည် မဟာဗောဓိပင်ရင်း၌ အရာဇိတပလ္လင် ဖြစ်လာလေသည်။
ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဍာန်အဖြစ်မတည်ကြကုန်။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ
နေတော်မူစဉ် နေမ၀င်မှီ ဒေ၀ပုတ္တမရ် ကိုအောင်မြင်တော်မူ၍ ညဥ့်
ဦးယာမ်၌ ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ်သိ
တတ်သော ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကို ရတော်မူသည်။ သန်းခေါင်
ယာမ်၌ နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တ၀ါစသည်
တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။

မိုးသောက်ယာမ်၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို
ပြုတတ်သော အာသ၀က္ခယဉာဏ်ကို ရတော်မူ၍ အသက် ၃၅
နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူး
နေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော
သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သုံလူ့သခင် သဗ္ဗညုဘုရားရှင်သည် ၄၅၀ါ ကာလပါတ်လုံး
ဝေနေယျသတ္တ၀ါတို့အား ဓမ္မစကြာစသည့်တရားတို့ကို ဟောပြ
တော်မူကာ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ အကျိုးစီးပွားကိုဆောင်
ရွက်တော်မူခဲ့လေသည်။

၁၇။ ၄၅ ၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနား
မနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော်
၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်
အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်
ဝင်စံတော်မူသည်။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်