Posts

Showing posts from May, 2014

ကျောင်းသား ၃၀၀ ကို ပညာသင်ကြားပေးနိုင်ခဲ့တဲ့ ဆိုက်ကားသမား

Image
လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကားသမား တစ်ယောက် ရှိပါတယ်။ အဲဒီခုနှစ်မှာ သူ၏ အသက်က ၇၄ နှ စ် ဖြစ်ပါတယ်။ သူဟာ အသက်ကြီးသောကြောင့် အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ လုပ်လုပ်နေသော ကျောင်းနေ အရွယ် ကလေးတွေကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါတယ်။ ဒါကြောင့် ထိုကလေးတွေကို ကျောင်းထားပေးဖို့ သူစိတ်ကူး လိုက်တယ်။ ထို့ကြောင့် ဘေဖန်လီဟာ သူ၏ ဆိုက်ကားနှင်းတဲ့ အလုပ်ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခပေးရမှာ စိုးသောကြောင် သူဟာ ဘူတာရုံမှာ နေပါတယ်။ အဝတ်အစားဆိုလျှင်လည်း ဝယ်ပြီးမဝတ်ပါဘူး။ လမ်းဘေးမှာ သူများတွေ ပစ်ထားသော အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။ အစားအသောက်ဆိုလျှင်လည်း ချို့ချို့တည့်တည့် စားပြီး ပိုက်ဆံကို စုဆောင်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက်မှာ သူ၏ အသက်ဟာ ၉၀ ရှိပါပြီ။ တရုတ်နိုင်ငံမှ တန်ဂျင်ရိုဟ ဆိုတဲ့ အလယ်တန်းကျောင်းကို သွားခဲ့ပါတယ်။ ထို့နောက် သူဟာ အခုလိုပြောပါတယ်။ " ကျွန်တော် အလုပ်မလုပ်နိုင် တော့ပါဘူး၊ ဒီပိုက်ဆံဟာ ကျွန်တော်၏ နောက်ဆုံးထောပ်ပံ့ငွေပါ။ " ထိုအချိန်မှာ အဲဒီကျောင်းမှ ဆရ...

ဂါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င်အကျဉ်းချုပ်

Image
၁။ ဂေါတမ ဘုရားလောင်းတော်သည် ဤဘဒ္ဒ ကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရှင်ရသေ့ဖြစ် ခဲ့လေသည်။ ၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်း သာကိုရယူနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းမြောပါးကုန်သော ဝေနေယျသတ္တ၀ါအပေါင်း တို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ ပေ။ ၃။ သုမေဓာရှင်ရသေ့ဘ၀မှ ဝေဿန္တရာမင်းဘ၀တိုင် အောင် မရေမတွက်နိုင်သောဘ၀များစွာတို့၌ ၁။ ရွှေ ငွေ ဆင် မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ။ ၂။ ခြေ လက် နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း ဒါနဥပပါရမီ။ ၃။ ကိုယ့်အသက်ကိုလှူခြင်း ဒါနပရမတ္တပါရမီ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော် မူခဲ့သည်။ ၄။ ထို့ပြင် အလွန် စွန့်နိုင်ခဲစွာသော ၁။ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ။ ၂။ သားသမီးကိုစွန့်ခြင်း ပုတ္တပရိစ္စာဂ။ ၃။ မယားကိုစွန့်ခြင်း ဘရိယပရိစ္စာဂ။ ၄။ ခြေ လက် နား နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစာဂ။ ၅။ ကိုယ့်အသက်ကိုစွန့်ခြင်း ဇီဝိတပရိစ္စာဂ ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို...

ရာဇ၀င်ထဲက ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက် ၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု ၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး ၄။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွ န်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို ) ၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် ၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် ၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး ၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ ၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း ၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု ၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် ၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး ၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး ၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး ၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး ၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  ၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရ...