ရဟန်းတဲ့

ဖန်ဝါဆင်မြန်း
သင်္ကန်းဝတ်ထားရုံသက်သက်မဟုတ်ဘူး၊
ဦးပြည်းကတုံး
တုံးထားရုံသက်သက်မဟုတ်ဘူး၊
ခြေလက်နဖူး၊တံတောင်ဒူးနဲ့
ဦးတိုက်ခံရရုံသက်သက်မဟုတ်ဘူး၊
ဆွမ်းဦးအာဝါသ၊လာဘ်လာဘ
ကောင်းစွာရရုံသက်သက်မဟုတ်ဘူး။

သီလ သမာဓိ ပညာ၊သိက္ခာမခမ်း
နိဗ္ဗာန်နန်းကို၊လျှောက်လှမ်းဝင်ရောက်
အရဟတ္တဖိုလ်ပေါက်ဖို့
ရောက်လာတဲ့ဘဝ
ရနေတဲ့အခွင့်နဲ့အကျင့်
လောကတွင်းသင့်တင့်အောင်
အဆင့်မြင့်မြင့်ကျင့်ဆောင်အားထုတ်သူ။

အရှင်စန္ဒကုမာရ(ရွှေတြိဂံ)

Popular posts from this blog

အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) စာအုပ်များ (၂၆ အုပ်)

သိုင်းဝတ္ထု စာအုပ်များ (၂၈ အုပ်)

ကျန်းမာရေး ဆိုင်ရာ ကမ္ဘာ့ စကားပုံများ