ဟင်္သာတွေမျိုးမတုန်းခင်
ဟိုမှာ လူငယ်တစ်ယောက်
စစ်ပြေးလမ်းတွေပေါ်မှာ
အမေပျောက်နေတယ်။
ဟိုမှာ လူငယ်လေးတစ်ယောက် ရေခြားမြေခြားမှာ
ကျွန်ဇတ်ခင်းရင်း
မိသားစု သီချင်းတစ်ပုဒ်ကို
စိတ်ကူးမိုးမျှော်ဝါဒနဲ့ ရေးနေတယ်။
ဟိုမှာလူငယ်လေးတစ်ယောက်
စာသင်ကျောင်းတွေကို ကျေားခိုင်း
ကံကြမ္မာအရိုင်းအစိုင်းတွေနဲ့
စီးချင်းထိုးနေတယ်။
အော့စဖို့၊ရေးလ်၊ဟားဗက်
ဒါဂျီလင်၊ရန်ကုန်တက္ကသိုလ်
ပညာရေးဝေးသည်မရှိဆိုပေမဲ့
ခရီးမနီးသေးတဲ့ လူငယ်လေးတွေ
KTV၊မာဆက်၊မလေးရှား၊ထန်းတက်
ဆိုက်က္ကားနင်း၊ကားမောင်း
စားပွဲထိုး၊၀ပ်ရှော့ ၊အလုပ်သမား
တစ်လုံး၊ နှစ်လုံး၊သုံးလုံးရောင်း
နောက်ဆုံးလေးလုံးဖြစ်
အကွပ်မဲ့ကြမ်းတွေလို
လူငယ်လေးတွေ
သစ်ပင်တွေခုတ်လှဲခံရသလို
မျှော်လင့်ခြင်းကို ခုတ်လှဲခံရ
တောင်တွေ အဖြိုခံရသလို
အိပ်မက်တွေခဏခဏ အဖြိုခံရ
လေလွင့်နေသော
လူသားအရင်းအမြစ်သယံဇာတများ
ဝမ်းနည်းဖွယ်ရာ
လူငယ်၊အနာဂတ်၊စိမ်းလန်းရေး
လူကြီးမင်းတို့ ဆွေးနွေးကြပါ
ဟသာင်္တွေ မျိုးမတုန်းခင်
အမှားတွေ ပြင်ကြ၊ ပြင်ကြ မြန်မာတို့.......
kzhmail.com
စစ်ပြေးလမ်းတွေပေါ်မှာ
အမေပျောက်နေတယ်။
ဟိုမှာ လူငယ်လေးတစ်ယောက် ရေခြားမြေခြားမှာ
ကျွန်ဇတ်ခင်းရင်း
မိသားစု သီချင်းတစ်ပုဒ်ကို
စိတ်ကူးမိုးမျှော်ဝါဒနဲ့ ရေးနေတယ်။
ဟိုမှာလူငယ်လေးတစ်ယောက်
စာသင်ကျောင်းတွေကို ကျေားခိုင်း
ကံကြမ္မာအရိုင်းအစိုင်းတွေနဲ့
စီးချင်းထိုးနေတယ်။
အော့စဖို့၊ရေးလ်၊ဟားဗက်
ဒါဂျီလင်၊ရန်ကုန်တက္ကသိုလ်
ပညာရေးဝေးသည်မရှိဆိုပေမဲ့
ခရီးမနီးသေးတဲ့ လူငယ်လေးတွေ
KTV၊မာဆက်၊မလေးရှား၊ထန်းတက်
ဆိုက်က္ကားနင်း၊ကားမောင်း
စားပွဲထိုး၊၀ပ်ရှော့ ၊အလုပ်သမား
တစ်လုံး၊ နှစ်လုံး၊သုံးလုံးရောင်း
နောက်ဆုံးလေးလုံးဖြစ်
အကွပ်မဲ့ကြမ်းတွေလို
လူငယ်လေးတွေ
သစ်ပင်တွေခုတ်လှဲခံရသလို
မျှော်လင့်ခြင်းကို ခုတ်လှဲခံရ
တောင်တွေ အဖြိုခံရသလို
အိပ်မက်တွေခဏခဏ အဖြိုခံရ
လေလွင့်နေသော
လူသားအရင်းအမြစ်သယံဇာတများ
ဝမ်းနည်းဖွယ်ရာ
လူငယ်၊အနာဂတ်၊စိမ်းလန်းရေး
လူကြီးမင်းတို့ ဆွေးနွေးကြပါ
ဟသာင်္တွေ မျိုးမတုန်းခင်
အမှားတွေ ပြင်ကြ၊ ပြင်ကြ မြန်မာတို့.......
kzhmail.com