အင်္ဂါဂြိုဟ်ထက် ကြာသပတေးဂြိုဟ်၏ လက သက်ရှိများနေရန် ပိုမိုဖြစ်နိုင်ခြေရှိ
နာဆာအဖွဲ့မှ သိပ္ပံပညာရှင်များက ကျွန်ုပ်တို့၏ စကြ၀ဠာအတွင်း ကမ္ဘာဂြိုဟ်ပြီးပါက ကြာသပတေးဂြိုဟ်၏
လသည်သာ သက်ရှိများအတွက် အသင့်တော်ဆုံး နေရာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇
ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကြာသပတေးဂြိုဟ်နှင့် ဆဋ္ဌမမြောက် အနီးဆုံးဖြစ်သော
ယူရိုပါအမည်ရှိလသည် ကန္တာရများ ဖုံးလွှမ်းနေသော အင်္ဂါဂြိုဟ်ထက် သက်ရှိများ
နေထိုင်နိုင်ရန် ပို၍ဖြစ်နိုင်ကြောင်း နာဆာက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယူရိုပါ၌ သမုဒ္ဒရာရှိခြင်း၊ ရေခဲအလွှာပါးများ ရှိခြင်းနှင့် အောက်ဆီဒင့်များ
ရှိခြင်းတို့က သက်ရှိပုံသဏ္ဌာန်များ နေထိုင်နိုင်ရန် ပို၍ဖြစ်နိုင်ခြင်း
ဖြစ်သည်။
နာဆာအဖွဲ့သည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံသာ ကုန်ကျမည့် Clipper ဟုခေါ်သော
ယူရိုပါ လေ့လာရေး အစီအစဉ်ကို စီစဉ်နေသည်။ Clipper အာကာသယာဉ်ကို ၂၀၂၁
ခုနှစ်တွင် လွှတ်တင်မည်ဖြစ်ပြီး ယူရိုပါသို့ ရောက်ရှိရန် သုံးနှစ်မှ
ခြောက်နှစ်အထိ ကြာမည်ဟု ဆိုသည်။
Ref:Daily Mail
Source: Eleven Media Group

Comments
Post a Comment