Saturday, December 07, 2013 သိပ္ပံပညာရှင် များသည် Hubble Space Telescope ကိုအသုံးပြု၍ လေ့လာခဲ့ရာ အာကာသ အတွင်းရှိ ဂြိုဟ်ငါးလုံး၏ လေထု အတွင်း၌ ရေရှိသည့် အရိပ် လက္ခဏာ များကို တွေ့ရှိ ခဲ့ကြကြောင်း လေ့လာ တွေ့ရှိချက် စာစောင်တွင် ဖော်ပြထားသည်။ မိမိတို့ အနေဖြင့် Hubble အာကာသ အဝေးကြည့် မှန်ပြောင်း၏ Wide Field Camera-3 ကို အသုံးပြု၍ ကြည့်ရှု ခဲ့ရာတွင် WASP-17b, HD 209458b,WASP-12 b, WASP-19 b နှင့် XO-1b စသည့် ဂြိုဟ်ငါးလုံး၏ လေထု အတွင်း၌ ရေတည်ရှိနေ ကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့ရှိ ခဲ့ကြကြောင်း NASA အဖွဲ့မှ ဂြိုဟ်များဆိုင်ရာ သိပ္ပံ ပညာရှင် တစ်ဦးဖြစ်သူ အေဗီ ဗန်ဒဲလ်က ပြောကြားသည်။ ပြင်ပ ဂြိုဟ်ငါးလုံး ပေါ်တွင် ရေရှိကြောင်းကို တွေ့ရှိမှုသည် အာကာသ အတွင်းရှိ အမျိုး မျိုးသော ဂြိုဟ်များ၏ လေထု အတွင်း၌ ရေမည်မျှ ရှိသည် ဆိုခြင်းကို နှိုင်းယှဉ်နိုင်ရန် အတွက် အမှန်တကယ် အထောက်အကူ ပြုပြီး လမ်းဖွင့်ပေး ခြင်းပင်ဖြစ်ကြောင်း အေဗီက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။