ဘီစီ(၅၀၀)ခန့်က အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် ဗြဟမီ (Brahmi) အက္ခရာကို လက်ခံကျင့်သုံးခဲ့သော မြန်မာအက္ခရာ အရေး အသားသည် အေဒီ(၁၁၁၃)တွင် ရာဇာကုမာရ်ရေးထိုးခဲ့သည့် မြစေတီ ကျောက်စာနှင့်အတူ စတင်ပီပြင်စွာ ပေါ်ပေါက်လာပါသည်။ ပုံဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူနှင့် ညောင်ရမ်းခေတ်များတွင် ခေတ်ရေစီး ကြောင်းနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကြီးထွားလာကာ၊ ကုန်း ဘောင်ခေတ်ရောက်သောအခါ မြန်မာစာပေ အက္ခရာများကို စတင် စက်တင်ပုံနှိပ်လာနိုင်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာစာပေကို လူထုကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ပို့ဆောင်နိုင်ခဲ့ကြပါသည်။ ရှေးယခင် ပေပုရပိုဒ်ခေတ်က မြန်မာစာပေသည် တော်ဝင်၊ မှူးမတ်မိသားစုများနှင့် စာပေပညာရှိများစသည့် လူတစ်စုအတွက်သာ ရေးသားသိမ်းဆည်းထားနိုင် သည့် စာပေအနေဖြင့်ရှိခဲ့ရာမှ ပုံနှိပ်ခေတ်သို့ ရောက်လာသော အခါ လူတိုင်းမြန်မာစာကို သိမ်းဆည်းထားနိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုမှတဆင့်အိုင်တီ ကွန်ပျူတာခေတ်ရောက်လာသောအခါ၊ မြန်မာစာပေကို ကွန်ပျူတာပေါ်တွင် ရေးသားပြီး၊ ကွန်ပျူတာတွင် သိမ်း ဆည်းထားနိုင်သည့်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစား ကြပြန်ပါသည်။ အက္ခရာများကို ကွန်ပျူတာတွင်သိ...